Bloody Boobs

Processor Types

 Processor Types 


မင်္ဂလာပါ ဒီတစ်ခါမှာတော့ကျွန်တော်တို့က cpu အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်

Cpu ဆိုတာကတော့ တကယ့်ကို အရေးကြီးလှတဲ့ကွန်ပျူတာကအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ သူကနေပဲ အားလုံးကိုတွက်ချက်တယ် အားလုံးကိုခိုင်းတာမျိုးတွေကိုပြုလုပ်တာဖြစ်ပါတယ်။

လက်ရှိမှာနာမည်ကြီးပြီးနေရာယူထားတာတွေကတေ့ intel cpu and AMD cpuများပဲဖြစ်ပါတယ်။

Cpu များကို 64 bit processor and 32 bit processor ဆိုပြီးခွဲထားပါတယ်။ အခုနောက်ပိုင်းမှာတော့ 64 bit processor တွေကိုပဲတွေ့ရပါတော့တယ်။ ဒါပေမဲ့ cpu ကိုအမျိုးအစားခွဲမယ်ဆိုရင်တော့ single core, dual core, quad core, hexa core, octa core နဲ့ deca core processor ဆိုပြီးခွဲထားပါတယ်။

Single Core processor

အရိုးရှင်းဆုံးနဲ့ ရှေးအကျဆုံးcpu type ပါ။ သူက တစ်ကြိမ်ကိုအလုပ်တစ်ခုကိုပဲလုပ်နိုင်စွမ်းရှိပါတယ်။ ကိုယ်ပိုင်သုံး သို့မဟုတ် ရုံးတွင်းပိုင်းများကိုသာအဓိကပစ်မှတ်ထားသုံးသင့်ပါတယ်။ အလုပ်လုပ်ရာတွင် တစ်ခုတည်းကိုသာကောင်းကောင်းလုပ်နိုင်စွမ်းရှိပြီး multitasking များအတွက်မသင့်တော်ပါဘူး။ အလုပ်နှစ်ခု တစ်ပြိုင်တည်းလုပ်နိုင်စွမ်းမရှိပါဘူး။ ပထမအလုပ်ပြီးဆုံးမှသာနောက်အလုပ်ကိုလုပ်နိုင်စွမ်းရှိတဲ့အတွက် ကွန်ပျူတာစွမ်းဆောင်ရည်ကျဆင်းစေပါတယ်။ Single core cpu များရဲ့အမြန်နှုန်းကို clock speed နဲ့တိုင်းတာ ပါတယ်။

Dual Core processor

Cpu တစ်ခုထဲမှာပဲအလုပ်လုပ်နိုင်တဲ့ကောင်နှစ်ကောင်ပါလာတယ်လို့အလွယ်ယူဆနိုင်ပါတယ်။ သူကအလုပ်နှစ်ခု ကိုပြိုင်လုပ်နိုင်လာပြီး Thread များလေအလုပ်ပေါင်းများစွာကိုပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်လေဖြစ်ပါတယ်။ Dual core cpu က single core cpu ထက်ပိုမိုမြန်ဆန်ပါတယ်။

Quad Core processor

Quad core cpu တွေမှာတော့ပိုမိုတောင့်တင်းလာပြီး အလုပ်လုပ်နိုင်တဲ့ကောင်၄ကောင်ပါလာတယ်လို့အလွယ် မှတ်နိုင်ပါတယ်။ Cpu တစ်ခုတည်းမှာပဲ core 4 ခုပါလာပြီး အလုပ်ပေါင်းများစွာကိုတစ်ပြိုင်နက်လုပ်ဆေင်လာ နိုင်ပါတယ်။ အလုပ်တစ်ခုတည်းကိုပဲလုပ်မယ်ဆိုရင်တော့ single core, dual core တို့လုပ်တာထက် ၄ဆပိုမိုမြန် ဆန်ပါတယ်။ Quad core တွေကိုအသုံးပြုသင့်သူတွေကတော့ ဂိမ်းဆော့ချင်သူများ engineering or programming လိုမျိုး အလုပ်တွေအများကြီးခိုင်းရတဲ့သူတွေအတွက်ပိုမိုသင့်တော်ပါတယ်။

 Hexa Core processor

Hexa core cpu တွေကတော့ cpu တစ်ခုတည်းမှာပဲ 6 core ပါလာပါတယ်( အလုပ်လုပ်နိုင်တဲ့ကောင် ၆ကောင် ပါလာတာမျိုးပေါ့ ) သူက dual core, quad core တွေထက်ပိုမြန်ဆန်ပြီး အလုပ်ပေါင်းများစွာကိုတစ်ချိန်တည်း မှာလုပ်ဆောင်လာနိုင်ပါတယ်။ ၂၀၁၀ခုနစ်မှာတော့ intel က Hexa core အမျိုးအစားဖြစ်တဲ့ core i7 ကိုထုတ် လုပ်ခဲ့ပါတယ်။ ဖုန်းတွေမှာသုံးနေတဲ့cpu များကတော့ quad core and dual core တွေဖြစ်နေတုန်းပါ။ နောက်ပိုင်းမှာတော့ hexa core များလည်းထွက်ရှိလာပြီဖြစ်ပါတယ်။

Octa Core processor

Octa core cpu တွေကတော့cpu တစ်ခုတည်းမှာပဲ 8 independent core ပါလာပါတယ်။ စွမ်းဆောင်ရည်မြင့် အလုပ်လုပ်နိုင်တဲ့ကောင်၈ကောင်ပါလာတယ်လို့ဆိုနိုင်ပါတယ်။ ပိုမိုရှုပ်ထွေးလှသောအလုပ်တာဝန်များကိုခိုင်းစေ ရာတွင်အသုံးပြုလာကြပါတယ်။

Deca Core processor

Deca core cpu တွေကတော့ cpu တစ်ခုတည်းမှာပဲ 10 core ပါလာပြီဖြစ်ပါတယ်။ အကောင်းမွန်ဆုံးသောစွမ်း ဆောင်ရည်များကိုပေးစွမ်းနိုင်သော cpu များဖြစ်ပါတယ်။ multitasking အတွက်အထူးသင့်တော်လှတဲ့ cpu တစ်မျိုးဖြစ်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာသောဖုန်းများတွင် deca core အသုံးပြုလာကြပြီဖြစ်ပါတယ်။

        ယခုတင်ထားသောစာများကိုတစ်ခြားနေရာများတွင်ကူးယူရေးသားခြင်းအားခွင့်မပြုပါ။ 

contact us: yoeyarmyayentertainment@gmail.com


Comments