Bloody Boobs

Laptop နဲ့ Desktop cpu များရဲ့ကွာခြားချက် ၇ချက်

 

Laptop နှင့် Desktop cpu များရဲ့ကွာခြားချက်၇ချက်


    ကျွန်တော်တို့နေ့စဉ်သုံးကွန်ပျူတာများမှာ လက်တော့များနှင့် အထိုင်သုံးdesktop ကွန်ပျူတာများဆိုပြီး သုံးနေကြပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ကိုယ်ကကွန်ပျူတာကိုစသုံးတော့မယ်ဆိုရင် laptop or desktop ဝေခွဲမရဖြစ်နေတာမျိုး ဒါမှမဟုတ်ကိုယ်အသုံးပြုချင်တဲ့ပုံစံနဲ့ ဘယ်ဟာကိုရွေးရမလဲဆိုတာကို cpu ပေါ်မူတည်ပြီးခွဲခြားလို့ရအောင်တင်ပေးလိုက်ပါတယ်။ cpu (processor)တွေက လက်တော့နဲ့ desktop ကွန်ပျူတာများမှာအနည်းအငယ်ကွာခြားချက်ရှိပါတယ်။

လက်တော့ကွန်ပျူတာများနှင့် desktop ကွန်ပျူတာများရဲ့ cpu ကွာခြားချက် ၇ချက်

နံပါတ်၁ ပါဝါသုံးစွဲမှု

 ပါဝါသုံးစွဲမှုအပိုင်းကိုကြည့်မယ်ဆိုရင်အတော်လေးကွဲပြားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လက်တော့များ ဟာဘက်ထရီဖြင့်အလုပ်လုပ်ရတာမျိုးဖြစ်ပြီး desktop ကွန်ပျူတာများကတော့ တိုက်ရိုက်ပါဝါဖြင့် အလုပ်လုပ်ပါတယ်။ Thermal Design Power (TDP) ဆိုတာ cpu များရဲ့အပူထုတ်လုပ်နိုင်စွမ်းကို ဖော်ပြ ပေးသောယူနစ်ဖြစ်ပြီးတိုင်းတာတာကတော့watt (ဝပ်)အားဖြင့်တိုင်းတာပါတယ်။ လက်တော့ကွန်ပျူတာ များရဲ့ TDP ဟာ desktop ကွန်ပျူတာများရဲ့ TDPထက်နည်းပါတယ်။ အပူသိပ်မထွက်တဲ့cpu တွေပါ လက်တော့ကွန်ပျူတာများမှာအသုံးပြုထားတာက။ လက်တော့များရဲ့TDP က 15watts to 45watts လောက်အထိပဲရှိပါတယ်။ desktop ကွန်ပျူတာများကတော့ 35watts to 200watts လောက်အထိ ထုတ် လွှတ်နိုင်ပါတယ်။

နံပါတ်၂ အအေးခံခြင်းအပိုင်း

 Cpu ကအပူထုတ်လွှတ်မှုများကိုဒီအတိုင်းထားလိုက်လို့မရပါဘူး။ အပူကြောင့်ပဲ cpu လောင်တာမျိုးတွေ မဖြစ်အောင် အအေးခံပေးရပါတယ်။ Fan တပ်ပေးရပါတယ်။ desktopကွန်ပျူတာများဟာအပူများများ ထွက်တာကြောင့်သေချာအအေးခံပေးဖို့လိုအပ်ပါတယ်။ လက်တော့ကွန်ပျူတာများကတော့သိပ်မလိုအပ် ပါဘူး။ အပူချိန်ကိုသေချာထိန်းသိမ်းထားနိုင်ရင်ထိန်းသလို cpu စွမ်းဆောင်ရည်လည်းကျဆင်းခြင်းများမ ဖြစ်ပေါ်ပါဘူး။ အကယ်လို့ အပူချိန်ကိုမထိန်းသိမ်းထားနိုင်တဲ့အချိန်မှာတော့ cpu လုပ်ဆောင်ရည်ကျဆင်း လာပြီး အသုံးပြုရာတွင်အဆင်မပြေမှုများဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ခါတစ်ရံစက်ပိတ်တယ်အထိဖြစ် သွားတတ်ပါတယ်။ desktop ကွန်ပျူတာများမှာတော့ အအေးခံခြင်းကိုသေချာဂရုစိုက်လုပ်ပေးသင့်ပါ တယ်။ လက်တော့ကွန်ပျူတာများကတော့သိပ်မလိုအပ်ပေမဲ့ မနိုင်ဝန်ထမ်းခိုင်းတာမျိုး( မနိုင်တဲ့ဆော့ဝဲလ် များကို run ခြင်း )အချိန်မှာတော့ လေထွက်ပေါက်ကိုသေချာပြုလုပ်ပေးတာမျိုး Laptop cooling များအ အသုံးပြုပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

နံပါတ်၃ ပါဝင်သောcore အရေအတွက်

Cpu တစ်ခုတွင် ပါဝင်သော core အရေအတွက်များရင်များသလောက် စွမ်းဆောင်ရည်ကတက်လာပါ တယ်။ desktop ကွန်ပျူတာများမှာတော့ လက်တော့များထက်ကို ပါဝင်သောcore ပမာဏကပိုများပါ တယ်။ ဒါ့ကြောင့် desktop ကွန်ပျူတာများကပိုမိုပြီးတည်ငြိမ်စွာနဲ့ကောင်းကောင်းအသုံးပြုနိုင်စွမ်းပေး ပါတယ်။ နောက်တစ်ခုကတော့ cache memory ဆိုတာလေးပါ။ cpu တစ်လုံးမြန်မြန်software များကို run နိုင်သလားဆိုတာဆုံးဖြတ်ပေးတဲ့ကောင်လေးပါ။ cache memory များရင်များသလောက်ကိုကောင်း ပါတယ်။

နံပါတ်၄ အလုပ်လုပ်နိုင်တဲ့ ကြိမ်နှုန်း

 အလုပ်လုပ်နိုင်တဲ့ကြိမ်နှုန်းကလည်းအရေးကြီးပါတယ်။ desktop များမှာအလုပ်လုပ်နိုင်စွမ်းကြိမ်နှုန်းက ပိုမိုမြင့်မားပါတယ်။ လက်တော့များမှာတော့အပူတအားမထွက်အောင်ကန့်သတ်ထားလို့အလုပ်လုပ်နိုင်တဲ့ ကြိမ်နှုန်းကdesktopထက်ကိုနည်းပါတယ်။ အမျိုးအစားတူ core တူ cpu နှစ်လုံးတစ်လုံးကလက်တော့ ကျန်တစ်လုံးက desktop ဆိုရင် desktop အလုံးကပိုပြီးအလုပ်လုပ်ရာမှာမြန်ဆန်ပါလိမ့်မယ်။ လက် တော့မှာတော့ကန့်သတ်ထားတာတွေကြောင့် စွမ်းဆောင်ရည်အပြည့်ရရှိမှာတော့မဟုတ်ပါဘူး။

နံပါတ်၅ ပုံစံခွက်မတူခြင်း socket မတူခြင်း

လက်တော့ကွန်ပျူတာများနှင့် desktop ကွန်ပျူတာများရဲ့cpu ထည့်သွင်းရာနေရာကဒီဇိုင်းမတူတာ ကြောင့် တစ်ခုနှင့်တစ်ခုပြောင်းသုံးလို့မရပါဘူး။ လက်တော့မှာထည့်သွင်းထားတဲ့ cpu ဟာဖြုတ်မရပါဘူး လဲလှယ်ပြီးလည်းအသုံးပြုလို့မရပါ။ လဲချင်တယ်ဆိုရင်တော့ motherboard တစ်ခုလုံးဖြုတ်ပလိုက်မှာ ရမှာပါ။ desktop ကွန်ပျူတာများကတော့မိမိတို့ motherboard ကလက်ခံသောအမျိုးအစားအလိုက် လွယ်ကူစွာဖြုတ်တပ်နိုင်ပါတယ်။

နံပါတ်၆ စျေးနှုန်းနှင့်အရွယ်အစား

လက်တော့ကွန်ပျူတာများရဲ့ cpu စျေးနှုန်းတွေက desktop cpuတွေထက်ကိုစျေးများပါတယ်။ဘာ ဖြစ်လို့စျေးကြီးရသလဲဆိုတော့ လက်တော့cpuတွေကအရွယ်အစားပိုသေးပြီးကျစ်ကျစ်လစ်လစ် ရှိလို့ပါ။ desktop cpuများဟာ လက်တော့များထက်အရွယ်အစားပိုကြီးပါတယ်။

နံပါတ်၇ တစ်ခါတည်းပါလာသော Graphic စွမ်းဆောင်ရည်

 Cpu တွေမှာလုပ်ဆောင်နိုင်စွမ်းတွေကများပြားလှပါတယ်။ ကောင်းမွန်လှသောရုပ်ထွက်များ ဂိမ်းများအ ဆင်ပြေပြေကစားနိုင်အောင်ရုပ်ပုံဖန်တီးမှုများကို cpu မှာပါလာတဲ့ integrated graphic ကထောက်ပံ့ ပေးပါတယ်။ တချို့လက်တော့တွေမှာတော့ Graphic card သပ်သပ်ပါလာတာမျိုးတွေလည်းရှိပါတယ်။ desktop မှာတော့ Graphic card ထပ်စိုက်လို့ရပြီး မစိုက်ထားရင်တော့ Graphic ပိုင်းကို cpu ကထောက် ပံ့ပေးပါတယ်။ ဒီနေရာမှာအဓိကစကားပြောမှာက ကိုယ်က graphic ပိုင်းကိုဦးစားပေးတယ်ဆိုရင်တော့ desktop ပိုင်းဘက်ကိုရွေးချယ်တာအကောင်းဆုံးပါပဲ။ လိုအပ်သလိုGraphic ပိုင်းကိုတိုးမြှင့်နိုင်ပြီး ကိုယ့် စိတ်တိုင်းကျတပ်ဆင်နိုင်တာကြောင့်ပါ။ လက်တော့မှာတော့အဲ့လိုမျိုးမဟုတ်ပါဘူး။ Graphic ပါတဲ့ လက်တော့ကိုဝယ်ရင်ဝယ်မဝယ်ရင်တော့ ကိုယ့်စိတ်တိုင်းကျအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။ လက်တော့ များမှာGraphic ပိုင်းတိုးလို့လည်းမရသလို တိုးမယ်ဆိုရင်လည်း ငွေကုန်ကျမှုက desktop ထက်ကိုပိုကုန် ကျမှာပါ။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ မိမိအသုံးပြုလိုတဲ့ပုံစံပေါ်မှုတည်ပြီး လက်တော့လား desktop လားဆို တာကိုရွေးချယ်သင့်ပါတယ်။ အဓိကကွာခြားချက်များကဝယ်ယူရာတွင်အထောက်အကူဖြစ်မယ်လို့ယူဆ ပါတယ်။ မိမိအနေနဲ့ သာမန်မျှသာအသုံးပြုမယ် web browsing, creating တွေလောက်ပါပဲအသုံးပြုမယ် ဆိုရင်တော့သွားလေရာသယ်သွားလို့ရတဲ့ လက်တော့ကရွေးချယ်စရာဖြစ်လာသလို ဂိမ်းအမြင့်တွေကိုပဲ ကောင်းကောင်းဆော့မယ် ဗီဒီယိုတွေကိုဖန်တီးမယ် တခြားSoftware အမြင့်ပိုင်းတွေကိုသာသုံးမယ်ဆိုသူ များကတော့ desktop ပိုင်းကစိတ်ကျေနပ်မှုရရှိစေပါလိမ့်မယ်။

                ယခုတင်ထားသည်များကိုမည်သည့်page မှာတွင်မှတင်ယူခွင့်မပြုပါ 

contact us: yoeyarmyayentertainment@gmail.com

Comments