Bloody Boobs

Ethernet Cable Types

 Ethernal Cable Types 


Ethernal Cable ဆိုတာကိုမြန်မာနိုင်ငံမှာသေချာမသိသေးသူများကများနေပါသေးတယ်။ Ethernal Cable ဆိုတာဘာလဲ ပြောရမယ်ဆိုရင်တော့ အင်တာနက်ကြိုးလို့အလွယ်ပြောရင်ရပါတယ်

ကျွန်တော်တို့ အင်တာနက်ကိုသုံးကြတဲ့အခါ အများစုက wifi ကွန်ယက်ကိုသာအလွယ်သုံးလေ့ရှိပါတယ်။ မြန်မာပြည်မှာအသုံးများဆုံးကတော့ wifi ကိုအဓိကားထားသုံးစွဲလေ့ရှိပါတယ်။ wifi ဆွဲအားနှင့် Ethernal ကြိုးရဲ့ဒေတာဆွဲအားကအများကြီးကွာခြားပါတယ်။ ဒါ့ကြောင့်လိုင်းကောင်းကောင်းနဲ့ တည်ငြိမ်စွာအသုံးပြုလိုသူများကတော့ Ethernaet ကြိုးကိုအသုံးပြုကြပါတယ်။ အများဆုံးအသုံးပြုကြတဲ့ နေရာတွေကတော့ ဂိမ်းကစားခြင်းများ streaming လွှင့်ခြင်းများတွေမှာ အသုံး ပြုကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ လိုင်းဆွဲအားကတော့ အင်တာနက်အမြန်နှုန်းရှိရင်ရှိသလောက်ကို Ethernet cable တွေက ဒေတာတွေကိုပို့ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

Ethernal cable အမျိုးအစားများ

 Ethernal cable မှာလည်းအမျိုးအစားများစွာရှိပါတယ်။ ကြိုးအမျိုးအစားများကတော့ category 5, 5e, 6, 6a, 6e, 7 and 8 တိုကိုအများဆုံးတွေ့ရှိရမှာဖြစ်ပါတယ်

သူတို့အမျိုးအစားတွေအလိုက် performance ကလည်းကွဲပြားပါတယ်။ ဒါ့ကြောင့် မိမိအနေဖြင့် အသုံးပြုမဲ့ ကြိုးကိုမဝယ်ယူမီ မိမိအသုံးပြုချင်တဲ့ပုံစံနဲ့ကိုက်ညီတဲ့ Ethernet cable ကြိုးကို ရွေးချယ် ဝယ်ယူနိုင်စေရန်အမျိုးအစားတွေအကြောင်းရှင်းပြပေးပါမယ်

Cat-5 cable တွေကတော့ ထွက်ခဲ့တာတော်တော်ကြာပြီလို့ပြောလို့ရပါတယ်။ သူကတော့ ပို့လွှတ်နိုင်တဲ့ပမာဏ100Mbps ပါ။ 1 second အတွင်းမှာ 100Mb ကိုသယ်ဆောင်နိုင်စွမ်းရှိပါတယ် ။ မြန်မာနိုင်ငံလို အင်တာနက်အမြန်နှုန်းနဲ့ကတော့အဆင်ပြေနေပါသေးတယ်။

Cat 5e cable ကတော့ ၂၀၀၁ခုနစ်ကမှထွက်ရှိလာခဲ့တာဖြစ်ပြီး Cat 5 cable ကိုနည်းနည်းအဆင့်မြင့် ထားတာဖြစ်ပါတယ်။  1 second ကို 125Mb အမြန်နှုန်းဖြင့်ဒေတာတွေကိုသယ်ဆောင်ပေးပါတယ်။

Cat-6 cable ကတော့ ပိုမိုကောင်းမွန်လာပြီး သူမှာက ဒေတာတွေကူးပြောင်းရာမှာအနှောင့်အယှက်မ ဖြစ်စေအောင်သေချာကာကွယ်ထားတာမျိုးတွေပါ ပါရှိလာပါတယ်။ ထို့အပြင် ဒေတာကူးပြောင်းနိုင် စွမ်းကလည်း 10Gbps ရှိလာပါတယ်။ 1 second ကို 10GB အမြန်နှုန်းဖြင့် ဒေတာများကိုသယ်ယူပေး နိုင်တာကြောင့် ဂိမ်းဆော့မယ် ကိုယ်ကlive stream တွေလုပ်မယ် ဒေတာတွေအများကြီးသုံးရတဲ့ အလုပ်တွေမှာသုံးသင့်တဲ့ ကြိုးပါ။ ဒီအမြန်နှုန်းနဲ့အလုပ်လုပ်မယ်ဆိုရင်တော့ကြိုးက၅၅မီတာထက်ပို မရှည် ရပါဘူး။ အကယ်လို့ကိုယ်က အသုံးပြုမဲ့ကြိုးအရှည်က ၅၅မီတာကိုကျော်လွန်သွားပြီဆိုရင်တော့အမြန်နှုန်း က အနည်းအငယ်ကျဆင်းသွားပါလိမ့်မယ်။

Cat-6a cable ကတော့၂၀၀၈ခုနစ်ကစတင်ပေါ်ပေါက်လာပြီး Cat-6 cable ထက်ပိုမိုကောင်းမွန်လာပါ တယ်။ အမြန်နှုန်းကတော့ Cat-6နှင့်အတူတူပါပဲ။ ကွာခြားချက်ကတော့ ကြိုးဘယ်လောက်ရှည်ရှည် အမြန်နှုန်းကလျော့မသွားပါဘူး။ ပိုပြီး ပျော့ပျောင်းစွာအသုံးပြုလာနိုင်တဲ့အားသာချက်တွေရှိလာပါတယ်။

Cat-7 cable ကတော့ တစ်မှုထူးခြားလာပြီး ပို့လွှတ်တဲ့ဒေတာအမြန်နှုန်းကပိုမိုမြန်ဆန်လာပါတယ်။ ပို့လွတ် သည့်လျှပ်စစ်လှိုင်း 600MHz ဖြင့် ပို့လွှတ်ပေးပါတယ်။ သူလည်းပဲ 1 second ကို 10 GB သယ် ဆောင်ပေးပါတယ်။

Cat-8 cable ကိုတော့ဒေတာစင်တာများမှာအဓိကထားအသုံးပြုကြပါတယ်။ Google, facebook တို့လို မျိုးဒေတာပမာဏနေ့စဉ်လွှဲပြောင်းနေရတာမျိုးတွေမှာအသုံးပြုပါတယ်။ သူရဲ့အမြန်နှုန်းကတော့ 1 second ကို 25GB ကနေ 40 GB အထိကိုသယ်ဆောင်နိုင်စွမ်းရှိပါတယ်။

ကဲ ဒါလေးတွေကတော့Ethernet cable တွေရဲ့စွမ်းဆောင်ရည်နဲ့ အမျိုးအစားများကိုဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိမိအသုံးပြုနေတဲ့အင်တာနက်က 1 second ကို 1GBနီးပါးမြန်ဆန်နေတယ်ဆိုရင်တော့ Cat-6a ကအသင့်တော်ဆုံးပါပဲ။ မြန်မာနိုင်ငံအနေဖြင့် Cat-5e လောက်အသုံးပြုနေရင်ကိုပဲ အဆင်ပြေ မှာဆိုတော့ ချွေတာရေးလုပ်ချင်သူများအနေဖြင့် ရွေးသင့်တဲ့ Cat-5e and 6a Ethernet ကပိုမိုအဆင်ပြေ စေမှာပါ။ ဒါမှမဟုတ် ကိုယ်ကနိုင်ငံခြားရောက်နေတာပဲဖြစ်ဖြစ် အကောင်းဆုံးကိုမှသုံးချင်တယ်ဆိုသူများ အတွက်ကတော့ Cat-8 ကြိုးကိုသာအပြေးဝယ်လိုက်ပါတော့နော်။

ကြိုးများကပြောင်းတပ်လိုက်သော်လည်း အင်တာနက်အမြန်နှုန်းသည်မိမိယူထား( အသုံးပြု ) နေသည့် internet provider service speed ပေါ်သာမူတည်ကြောင်းထပ်လောင်းပြောကြားရင်းနားမလည်သည် များရှိပါက yoeyarmyayentertainment@gmail.com သို့ဆက်သွယ်နိုင်ပါသည်

contact us: yoeyarmyayentertainment@gmail.com

website ပါအကြောင်းအရာများအား တစ်ခြားစာမျက်နှာများတွင်ကူးယူဖော်ပြခြင်းများ မပြုရန်။ 



Comments