Bloody Boobs

DDR4 RAM ဆိုတာဘာလဲ

 DDR4 RAM ဆိုတာဘာလဲ?



 လက်ရှိအသုံးပြုနေကြတဲ့ ကွန်ပျူတာတွေမှာ မြန်မြန်ဆန်ဆန်အလုပ်များလုပ်နိုင်ဖို့နဲ့ ဂိမ်းများချောမွေ့စွာဆော့ နိုင်ဖို့ကို cpu အပြင်တခြားအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်းရှိပါသေးတယ်။ အဲ့ဒါကတော့ Random Access Memory လို့ခေါ်တဲ့ RAM ပါပဲ။

ကဲ ဒီနေ့မှာတော့ RAM type DDR4 အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။

 ပထမဦးဆုံး DDR4 ရဲ့အရှည်ကောက်ကိုပြောပြပေးပါ့မယ်။ Double Data Rate 4 Synchronous Dynamic Random Access Memory ( DDR4 SDRAM ) ဖြစ်ပါတယ်။ ၂၀၁၄ခုနစ်မှာစတင်ထွက်ရှိလာခဲ့တာဖြစ်ပြီး ၇နှစ် သက်တမ်းရှိပြီဖြစ်ပါတယ်။ DDR4 ကဒ်များဟာ အရင်ကထွက်ရှိခဲ့ DDR3 ကဒ်များနှင့်မတူပါဘူး။ အသုံးပြုတဲ့ ဗို့ အားများလည်းမတူသလို အသွင်အပြင်နှင့် အပေါက်နေရာများပါမတူပါဘူး။ အားသာချက်များကတော့ channel တစ်ခုချင်းစီကအသုံးပြုတဲ့ ဗို့အားကိုလျှော့ချပေးပြီး ဒေတာကူးပြောင်းနှုန်းကလည်းအဆမတန်မြန်ဆန်ပါတယ်။ DDR4 type တွေဟာ DDR3 type တွေထက်ကို ၅၀ရာခိုင်နှုန်းပိုမိုမြန်ဆန်ပါတယ်။ DDR3 က 1 second ကို 800Mb ကနေ 2133Mb အထိဒေတာကူးပြောင်းနိုင်စွမ်းရှိပြီး DDR4 ကတော့ 1 second ကို 1600Mb ကနေ 3200Mb အတွင်းကိုကူးပြောင်းနိုင်စွမ်းရှိပါတယ်။ ပါဝါစားနှုန်းကတော့ DDR3 က 1.5V and 1.35V အထိရှိပေမဲ့ DDR4 ကတော့ 1.2V and 1.05V လောက်သာရှိပါတယ်။ မြန်ဆန်လှတဲ့ ဒေတာကူးပြောင်းနှုန်း များပြားတဲ့ အလုပ်တာဝန်များကိုတစ်ချိန်တည်းမှတ်သားသိမ်းဆည်းနိုင်စွမ်းရှိသောကြောင့် DDR4ကိုရွေးချယ် သင့်ပါတယ်။ ဂိမ်းဆော့ချင်သူများ RAMအားပြုသုံးစွဲရသော ဆော့ဝဲလ်များကိုများများသုံးစွဲသူများအနေဖြင့် DDR3 ကနေ DDR4ကိုပြောင်းလဲသုံးစွဲသင့်ပါတယ်။ နောက်ပိုင်းထွက်ကွန်ပျူတာများတွင်တော့ DDR4 များဖြင့် ထွက်ရှိလာပြီဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု DDR3ဖြင့်အသုံးပြုနေသောကွန်ပျူတာများလည်းယနေ့ထက် တိုင် အများအပြားကျန်ရှိနေသေးလို့ မိမိအနေဖြင့် ပုံမှန်ကွန်ပျူတာအသုံးပြုသူတစ်ယောက်ဆိုပါက ချက်ခြင်း ဆိုသလို DDR4 ကိုပြောင်းစရာမလိုပါဘူး။ ဒါပေမဲ့ အခုမှစပြီး ကွန်ပျူတာဝယ်မည့်သူများကတော့ DDR3လက် တော့များ ကွန်ပျူတာပုံးများကိုတော့ မဝယ်သင့်ပဲ DDR4 အသုံးပြုထားတဲ့ ကွန်ပျူတာများကိုသာရွေးချယ်သင့် ပါတယ်။

Comments